Sports တွင် မည်သို့ လောင်းရမည်နည်း။

သင်လောင်းကစားရာတွင် ကူညီနိုင်ရန်အတွက် လုပ်ဆောင်ချက်တစ်ခုကို မိတ်ဆက်ပေးထားရာ SBOBET Sports တွင် အားစိုက်စရာမလိုဘဲ လောင်းနိုင်သည့် လောင်းကစားများကို တွေ့နိုင်သည်။

  1. သင်၏ SBOBETအကောင့်ထဲသို့ ဆိုင်းအင် ဝင်ပြီး၊ စာမျက်နှာထိပ်ဆုံးတွင်ရှိသော SPORTS ခလုတ် (tab) ကိုနှိပ်ပါ။
  2. ဘယ်(လက်ဝဲ)ဘက် မီနူးမှ အားကစားတစ်ခုကို ရွေးပါ (ဥပမာ -ဘောလုံး) ၊ ပြီးလျှင် ယနေ့အတွက်ပေးထားသော ပွဲစဉ်များကို ကြည့်ရန် လောင်းကစားဈေးကွက် (ဥပမာ-ဒီနေ့) ကိုရွေးပါ။
  3. ပွဲစဉ်ပေါ်တွင်ဖြန့်ကြည့်ပြီး သင်လောင်းလိုသောပွဲစဉ်၏ လောင်းရန်အလေးသာမှုစာရင်းကိုနှိပ်ခြင်းဖြင့် အလောင်းအစားလက်မှတ်ကိုဖွင့်ပြီး ဆန္ဒရှိရာ အသင်း (သို့မဟုတ်) အားကစားသမားကို လောင်းနိုင်သည်။

    တစ်ခုထက်ပိုသော အလောင်းအစားရွေးချယ်နိုင်ရန်ရှိပါက အလေးသာမှုများအောက်ရှိ အပြာရောင် (+) ခလုတ်ကို ဖော်ပြမည်။ ထိုခလုတ်ပေါ်နှိပ်ခြင်းဖြင့် အခြားသော လောင်းကစားရွေးချယ်ခြင်းများကို ကြည့်နိုင်သည်။

  4. အလောင်းအစားလက်မှတ်ပေါ်တွင် ဖော်ပြထားသော အလောင်းအစားနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မှန်/မမှန် စစ်ဆေးပါ။

    အလေးသာမှုများကိုအော်တိုရီဖရက်ရှ်လုပ်ခြင်း - သင့်အလောင်းအစားလက်မှတ်၏ ညာ(လက်ယာ)ဘက်ထိပ်ဆုံးရှိ checkbox ကို အမှန်ခြစ်ပေးလိုက်ခြင်းဖြင့် အလေးသာမှုများကို အော်တိုရီဖရက်ရှ်လုပ်နိုင်သည်။ အဆိုပါ စွမ်းဆောင်မှုကို လုပ်ဆောင်ခွင့်ပေးလိုက်လျှင် သင်၏အလောင်းအစားလက်မှတ်တွင် SBOBET မှပေးသော  နောက်ဆုံးအလေးသာမှုများကို အလိုအလျောက် ပြင်ဆင်ပေးလိမ့်မည်။

    မည်သည့်ပေါက်ကြေးမဆိုလက်ခံမည် ။ ။ သင်လောင်းကစားတစ်ခုတင်နေစဥ် ပေါက်ကြေးအတက်အကျဖြစ်ပေါ်လျှင် သင်၏အလောင်းအစားကို system မှ အလိုအလျောက်လက်ခံခြင်းကို ခွင့်ပြုရန် " မည်သည့်ပေါက်ကြေးမဆိုလက်ခံမည်" ကိုအမှန်ခြစ်လိုက်ပါ။

  5. သင်၏ လောင်းကြေးကိုထည့်ပြီး Place Bet ခလုတ်ကိုနှိပ်၍ လောင်းနိုင်ပြီး၊ (သို့မဟုတ်) Cancel ခလုတ်ကို နှိပ်၍ ထိုအလောင်းအစားကို ပယ်ဖျက်နိုင်သည်။ 7.50 သို့မဟုတ် 6.68 ကဲ့သို့သော ဒသမကိန်း ပမာဏများကို အလောင်းအစားထိုးလို့မရပါ။

    အလိုအလျောက်လုပ်ဆောင်သည့် အလောင်းကစားများ - လောင်းကြေး ထည့်ရမည့်နေရာ၏ ဘေးတွင် အမှန် ခြစ် ခြင်းဖြင့် SBOBETအား အလိုအလျောက် အလောင်းအစားလုပ်ခြင်းကို ဆောင်ရွက်သွားရာတွင် ပိုကောင်းသည့် အလေးသာမှုများရှိပါက တစ်ခါတည်း ပြောင်းပေးသွား မည်။ (Enable this feature by entering your stake amount and ticking the auto refresh odds feature. Please make sure you have unticked the accept any odds feature.)

    အမြင့်ဆုံးနိုင်ငွေ - သင့်လောင်းကြေးကိုထည့်လိုက်သည်နှင့်တပြိုင်နက် သင်၏လောင်းကစားလက်မှတ်ပေါ်တွင် သင်နိုင်လျှင်ရရှိမည့် အမြင့်ဆုံးနိုင်ငွေကို အလိုအလျောက်ဖော်ပြသည်။

    အနိမ့်ဆုံးနှင့်အမြင့်ဆုံးအလောင်းအစား (ငွေပမာဏ) - သင်ထည့်ထားသော လောင်းကြေးပမာဏသည် အနည်းဆုံးခွင့်ပြုလောင်းကြေးထက် နည်းနေလျှင်သော်လည်းကောင်း၊ အမြင့်ဆုံးခွင့်ပြုလောင်းကြေးထက် များနေလျှင်သော်လည်းကောင်း သင့်အား အချက်ပေးအကြောင်းကြားမှုမှတဆင့် တရားဝင်သော လောင်းကြေး ပြန်လည် ထည့်သွင်းရန် အသိပေးလိမ့်မည်။

  6. ကျွနု်ပ်တို့၏ ကွန်ပျူတာစနစ်က ပယ်ချလိုက်သည် မဟုတ်လျှင် သင့် အလောင်းအစားကို သင် Place Bet ခလုတ်အား နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် မဖျက်သိမ်းနိုင်တော့ပါ။ သင့် အလောင်းအစားမှာ ကျွန်ုပ်တို့၏ အတည်ပြုခြင်းနှင့် စစ်ဆေးခြင်းကိစ္စ အားလုံးကို အောင်မြင်သွားလျှင် ကျွနု်ပ်တို့၏ ကွန်ပျူတာစနစ်က လက်ခံပါလိမ့်မည်။

  7. သင်ပြုလုပ်ထားခဲ့သော အလောင်းအစား စာရင်းကို စာမျက်နှာ ထိပ်ဘယ်(လက်ဝဲ)ဘက်ထောင့်ရှိ Bet List Mini လင့်ခ်(link)အား နှိပ်ခြင်းဖြင့် (သို့မဟုတ်) စာမျက်နှာထိပ်ရှိ  Bet List Full လင့်ခ်(link)ကို နှိပ်ခြင်းဖြင့်စစ်ဆေးကြည့်ရှုနိုင်သည်။

    Bet List Mini သည် ပြုလုပ်ထားခဲ့သည့်အလောင်းအစား စာရင်းအပြည့်အစုံကို ချုံ့ထားခြင်းဖြစ်ပြီး သင် နောက်ဆုံး လုပ်ခဲ့သည့် အလောင်းအစား (၁၀) ခုကို ပြပေးသည်။